သံတောင်ကြီး မေ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည်အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း ရာသီဉတု ပူပြင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီပေါ်သီးနှံများ အထွက်နှုန်း ကျဆင်းခြင်းကာဒေသခံ ပြည်သူအများစုမှာ တောတောင်များရှိ သဘာဝအလျောက် ပေါက်ရောက်သည့် ရာသီပေါ်သီးနှံများ ဆွတ်ခူးရောင်းချလျက်ရှိပြီး ယခုအချိန် သံတောင်ကြီး ဒေသထွကရာသီပေါ်သီးနှံ ဖြစ်သည့် ကနစိုးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
ကနစိုးသီးပင်များသည် တောင်တောင်များနှင့် ဉယျာဉ်ခြံများတွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိပြီး ဆေးဖက်ဝင်သည့်သီးနှံဖြစ်ပြီး ယခုအချိန်တွင် ရင့်မှည့်လာ၍ ခူးယူရောင်းချသည်။ ကနစိုးသီးများကို သံတောင်ကြီးမြို့ပေါ်များတွင်သာမက တောင်ငူမြို့ရှိ သီးနှံ အဝယ်ဒိုင် များထံတွင် သွားရောက်ရောင်းချရာ အလုံးအရွယ်အစားပေါ်မူတည်၍တစ်ပိဿာ ကျပ်(၄၅၀၀) ရရှိခြင်းကြောင့်၊ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှရှိကြောင်း ကနစိုးသီး ခူးယူရောင်းချသူ ဦးစောနေကပေါ်ထံက သိရသည်။
နော်နော်မူ