ကျိုက်ထိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

ကျိုက်ထို မေ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးမှူးအဆင့်-၁ ဦးထွန်းညီညီက သင်တန်းဖွင်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကူးစက်ရောဂါများအကြောင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ရောဂါအကြောင်း၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဆီးချိုသွေး‌ချိုရောဂါ၊ တီဘီရောဂါအကြောင်း စသည့် ဘာသာရပ်များကို သင်တန်းနည်းပြ (၁၀) တို့က သင်တန်းသား/သူ (၃၈) ဦးတို့က (၂) ပတ်ကြာ စာတွေ့လက်တွေ့ သင်‌ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)