သတင်းများ

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ
May 11,2026
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ မိုးစပါးပေါင်းပျိုး (Raised Bed) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေး သင်တန်းဖွင့်လှစ်
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသောတောင်သူများအား မိုးစပါးပေါင်းပျိုး (Raised Bed) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြားခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များအား အသိပညာပေးဆွေးနွေး
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(ဆီဆိုင်)ကျောင်းရှိ ယုဇနခန်းမ၌ ပြုလုပ်သည်။
မုဒုံမြို့၌ တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်
May 11,2026
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်အနေဖြင့် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ဆောင်ရွက်
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အိုင်ကြီးကျေးရွာအုပ်စု၊ တောတွင်ကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်(သို့မဟုတ်)ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား၊ ဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေးခြင်းအခမ်းအနားကျင်းပ
May 11,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများအား သင်တန်းပေးခြင်းအခမ်းအနားကို ယ​နေ့နံနက် ၈ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ဇမ္ဗူသီရိမြို့နယ်၌ ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်
May 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် ယနေ့နံနက်ပိုင်းက နေပြည်တော် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ လူရည်ချွန်စခန်းမှ ပြန်လာသော သုံးထပ်ကွမ်းလူရည်ချွန်အား ဂုဏ်ပြုကြိုဆို
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ အခြေခံပညာဦးစီးဌာနရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွံတေးကျောင်းတွင်၂၀၂၆ ပညာသင်နှစ် သုံးထပ်ကွမ်းလူရည်ချွန်ရရှိသော မောင်ကောင်းမြတ်လင်းကို ယနေနံနက် ၈ နာရီအချိန်က ကံဘဲ့လမ်းဆုံမှစတင်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။