သတင်းများ

ဓနုဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၂ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံး၌ ကျင်းပသည်။
ငါးသိုင်းချောင်းမြို့ရှိ ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များအား လိုက်လံရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများဆောင်ရွက်
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက် (၉) အချိန်က ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များ၊ အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလိုက်လံ၍ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
လသာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် Wi-Fi ကြိုးများ စနစ်တကျရှိစေရေး ပူးပေါင်းရှင်းလင်း ဆောင်ရွက်
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့ပြအလှတရားနှင့်လျှပ်စစ်ဘေးကင်း လုံခြုံမှုတိုးတက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ လမ်းများ၌ Wi-Fi ကြိုးများအား စနစ်တကျဖြစ်အောင် ပြုပြင်ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကျင်းပ
May 12,2026
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
ထားဝယ်မြို့၌၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
May 12,2026
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ ကာလအတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၌ကျင်းပသည်။
ဇလွန်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 12,2026
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဇလွန်ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် မိုးရာသီစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ
May 12,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။