တွံတေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်၌ ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရွှေဆံတော်ရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။