ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာဦးသန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်နှင့် အလှူရှင်များမှ အလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူ ဒါန်းခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ်အင်္ဂါနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်(၇၀)နှစ်နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ပြုစုစောင့်ရှောက်ပေး လျက်ရှိပြီး ယနေ့တွင်အဘိုးအဘွား (၂၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလာခဲ့ရာ ယခုဆိုလျင် (၄၀)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)