ဇလွန် မေ ၁၂
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဇလွန်ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်တို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးတင်ထွန်းက ချေးငွေဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ယဥ်စိုးအေးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြား၍ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်နှင့် တာဝန်ရှိသူများက သရက်တစ်ပင်မြောက်ကျေးရွာအုပ်စုရှိ တောင်သူ(၁၃၄)ဦး၊ စိုက်ဧက(၈၉၄)ဧကအတွက် ကျပ်သိန်း(၂၆၈၂)သိန်းအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန် /ဆက်)