ကလောမြို့နယ်၌၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် ခရိုင်/မြို့နယ်အဆင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်

ကလော    မေ   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင် ကလောမြို့တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခရိုင်/ မြို့နယ် အဆင့်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ၊ လွှတ်‌တော်ကိုယ်စားလှယ်များ နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ တက်ရောက်သည်။

အခမ်းအနားတွင် ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အကြံပြု အမှာစကားပြောကြားကာ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသိန်းက မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကလောခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် များအား တာဝန်ပေးအပ်ခဲ့ရာ ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ တို့အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ ဒေသန္တရစီမံကိန်းတာဝန်များ  ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကား‌ ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသိန်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်ဝင်း(ကလော)