သတင်းများ

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့  နံနက် ၁၁ နာရီအချိန်က အမှတ်(၁၇)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(လှေဆိပ်)၌ ကျင်းပခဲ့သည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြသခဲ့သည်။
ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး သီတင်းပတ်အိမ်တွင်းမှုပြိုင်ပွဲကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင် ကျောင်းကျန်းမာရေးသီတင်းပတ် အိမ်တွင်းမှုပြိုင်ပွဲကို ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့နံနက်(၁ဝ)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ကျန်းမာရေးအသိပညာပေးဟောပြော
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်၁၅ရက် နံနက် ၉နာရီက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျန်းမာ ရေးအသိပညာပေးဟောပြောပွဲကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်အေးအေးရီနှင့် ဒေါ်တင်သူဇာတို့က ကျန်းမာရေးဆိုင်ရာအသိ ပညာပေး ဟောပြောကြသည်။
မြိတ်မြို့ အ.ထ.က (၁) ကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဩဂုတ်လ (၁၅) ရက် နံနက်ပိုင်းက လူငယ်စကားဝိုင်းကို ကျင်းပသည်။
မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့် ယဉ်‌ကျေးမှုအသင်းအဖွဲ့များထံ ထောက်ပံ့ပေးအပ်ပွဲနှင့် အခြေခံပညာကျောင်းများ၌ KG တန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရ နေ့လယ်စာကျွေးမွေးအစီအစဉ်ဆောင်ရွက်မှုကို သွားရောက်အားပေး
Aug 15,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဒေသတွင်း ယာယီတိမ်းရှောင်လာကြသည့် တိုင်းရင်းသားကလေးငယ်များ အဆက်မပြတ် ပညာသင်ယူနိုင်ရေးနှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ရရှိရေးအတွက် တိုင်းရင်းသားစာပေယဉ်‌ကျေးမှုအသင်း အဖွဲ့များမှတစ်ဆင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။