ချောက် မေ ၁၃
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်၌ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ယနေ့နံနက်(၉)နာရီက အမှတ်(၄)ရပ်ကွက်ရေနံချက်စက်ရုံဝန်း၊အမှတ်(၅)ရပ်ကွက် အ.မ.က(၈၀)ကျောင်းနှင့် အမှတ်(၆)ရပ်ကွက်ဓမ္မာရုံတို့၌ ကျင်းပသည်။
ဦးစွာရပ်ကွက်များအလိုက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊ ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့(၅)ဦးတို့က ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ကို ရှင်းလင်းဆောင်ရွက်သည်။
အဆိုပါရပ်ကွက်များမှ အိမ်ထောင်စုကိုယ်စားလှယ်များက အသစ်ခန့်ထားမည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား အများဆုံးမဲရရှိသူအား အုပ်ချုပ်ရေးမှူးအသစ်ခန့်ထားရန်နှင့် အိမ်ထောင်စုဝင်ပြည်သူတို့၏ သဘောဆန္ဒဖြင့်အတည်ပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)