သတင်းများ

လယ်ဝေးမြိုမြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ခရိုင်ဘဏ်ခွဲမှ ၂၀၂၆ ခု မိုးချေးငွေများ စတင်ထုတ်‌ချေး
May 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခရိုင်ဘဏ်ခွဲလယ်ဝေးမြိုမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၆ ခု မိုးချေးငွေများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ချေး‌‌ပေးလျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်(UID)ဆောင်ရွက်ပေးနေမှုအားကြည့်ရှုအားပေး
May 14,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခု မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကျင်းပ
May 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် ရက် ၁၀၀ စီမံချက်ဖြင့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခု မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ချောက်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့်​ မိုးရာသီစိုက် ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
May 14,2026
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ချောက်မြို့နယ်ဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးခြင်း အခမ်းအနားကို မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ချေးငွေများထုတ်ချေးပေးကြောင်း သိရသည်။
တန့်ယန်းခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
May 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပ
May 14,2026
၂၀၂၆-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
မူဆယ်မြို့တွင် လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုကြိုဆို
May 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် အ.ထ.က-၂၊ ချယ်ရီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်
May 14,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။