သတင်းများ

စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာ သင်တန်းဆင်း
Aug 15,2025
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြ‌ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပသည်။
မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်ဇေယျဘက်စုံအားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကျင်းပဆောင်ရွက်
Aug 15,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် မိခင်နှင့်ကလေးပိုင်သားဖွားခန်း၌ ဩဂုတ်လ ၁၂ ရက်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ ကမ္ဘာ့ခရီးသွာနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Aug 15,2025
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် နှစ်စဉ် စက်တင်ဘာ ၂၇ရက်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် အဆောင်-၂၂ ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး (အင်္ဂလိပ်ဘာသာ)ပြိုင်ပွဲကို ဩဂုတ် ၁၅ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့များဖြင့် လူငယ်စာဖတ်ဝိုင်း ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း(မင်းလက်ဝါး)ခန်းမ၌ ​ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တောင်ဝိုင်းတောင် ခရီးစဉ်ဒေသအား ကြည့်ရှု
Aug 15,2025
ကရင်ပြည်နယ် ဘားအံမြို့သည် မိုးရာသီတွင် စိမ်းစိုလှပသော တောတောင် သဘာဝရှုခင်းအလှအပများကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက်ရှိရာ ဩဂုတ် ၁၅ ရက်နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ  ဘားအံမြို့၏ တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ  မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။