လယ်ဝေးမြိုမြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ခရိုင်ဘဏ်ခွဲမှ ၂၀၂၆ ခု မိုးချေးငွေများ စတင်ထုတ်‌ချေး

လယ်ဝေး မေ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခရိုင်ဘဏ်ခွဲလယ်ဝေးမြိုမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၆ ခု မိုးချေးငွေများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ချေး‌‌ပေးလျက်ရှိသည်။
အဆိုပါ ၂၀၂၆ ခု မိုးချေးငွေများအား ယမန်နေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာအုပ်စုရှိ တောင်သူ ၁၁၂ ဦး ၊စပါးဧက ၄၂၃ ဧက၊ တို့အား တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့်ချေးငွေပေါင်း ၁၂၆၉ သိန်းအားငွေသား(cash) စနစ်ဖြင့်၅၀% KBZ pay စနစ်ဖြင့် ၅၀% ထုတ်ချေးခဲ့သည်။ ရက် ၁၀၀ အတွင်းဆောင်ရွက်မည့်အစီအစဉ်အနေဖြင့် တောင်သူ ၇၅၀၀ ဦး စပါးဧက (၃၁၉၄၂)ဧက ချေးငွေပေါင်းကျပ်သိန်း (၉၅၈၂၆) ထုတ်ချေးပေးနိုင်ရန်လျာထားကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)