သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင် ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးအတွက် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းပေးအပ်
Aug 16,2025
ကော့သောင်းခရိုင်ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးပြုပြင်ရန် ချီးမြှင့်ငွေ‌‌ပေးအပ်ခြင်း၊ ရဲမှုထမ်းများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့မိသားစုဝင်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ ရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်‌မြင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မိသားစုဝင်များ တက်ရောက်ကြသည်။
တာချီလိတ်မြို့၌ မူလတန်းအဆင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်
Aug 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အခြေခံပညာမူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများ၏ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခြေခံပညာကျောင်းပေါင်းစုံအာဟာရအချက်အပြုတ်ပြိုင်ပွဲနှင့် မိခင်နို့တိုက်ကျွေးမှု စံပြမီခင်ပြိုင်ပွဲ ကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အာဟာရ အချက်အပြုတ်ပြိုင်ပွဲကျင်းပသည်။
နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID (Smart Cards)ကတ်များ မင်္ဂလာမြို့နယ်၌ အိမ်အရောက် ကွင်းဆင်း‌ဆောင်ရွက်
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID ကတ် (Smart Cards)များကို ယမန်နေ့ညနေပိုင်းက တိုးချဲ့ရပ်ကွက်သို့ အိမ်အ‌ရောက် (Home Service) ကွင်းဆင်းလျက်ဆောင်ရွက်ပေးခဲ့သည်။
ခရမ်းမြို့နယ် အ.မ.က(ရေတွင်းချောင်) မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က( ရေတွင်းချောင် ) မူလွန်ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မုံရွာမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မုံရွာမြို့ပေါ်အတွင်းလမ်းသွားလမ်းလာကြသော ပြည်သူများအတွက် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများတဆကို ယမန်နေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကိုင်းတိုင်း​ဒေသကြီးစည်ပင်သာယာ​ရေးအဖွဲ့ရုံး​ရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 16,2025
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်က လွိုင်ကော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ အခြေခံနှင့်အဆင့်မြင့်ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။
သုံးခွမြို့နယ် ရှမ်းစု အ-ထ-က (ခွဲ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Aug 16,2025
 “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ အ.ထ.က(ခွဲ) ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။