မရမ်းကုန်းမြို့နယ်တွင် ပြည်သူ့နီတိ အသိ လူတိုင်းမှာရှိစေချင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ ညွန့်ညွန့်(ကလော) ရေးသားထားသည့် ထီးကလေးနှင့် အခြားဆောင်းပါး၊ ဝတ္ထုတိုများ စာအုပ်တွင် ပါဝင်သော “ပြည်သူ့နီတိအသိ လူတိုင်းမှာရှိစေချင်” ခေါင်းစဥ် ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။