သတင်းများ

မိုင်းဆတ်-တာချီလိတ်လမ်း နမ့်ကျန်းတံတား၊ တံတားချဉ်းကပ်လမ်းပြိုကျပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာမှု ခေတ္တယာယီပိတ်ထားခဲ့ရာ အမြန်ဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိ
Jul 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဆတ်မြို့၌  မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က မိုင်းဆတ်-တာချီလိတ်သွားကားလမ်းပေါ်ရှိ နမ့်ကျန်းတံတားတာဘောင်ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း၊ မိုင်းဆတ်ဘက်ခြမ်းပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါလမ်းအား ဖြတ်သန်းသွားလာမှု ခေတ္တယာယီပိတ်ထားခဲ့ရာ အမြန်ဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲများ ဆောင်ရွက်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အ.မ.က (မြောက်ကျောင်း) မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူးဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောနှင့် ဆုချီးမြှင့်ပွဲ ပြပွဲများ ကျင်းပ
Jul 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2025
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ‌ကို ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ ကဗျာဆရာဝေးရင့်သီက အမှတ်ပေး စည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပရာ  အ-ထ-က၊ အ-လ-ကနှင့်အ-မ-က ကျောင်း(၁၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၈)တို့က အာဇာနည်အငွေ့အသက်ပါသော စိတ်ကြိုက်ကဗျာများ ဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည်။
ကလေးမြို့ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
မြင်းခြံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်
Jul 17,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
မအူပင်ခရိုင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။