သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ဇူလိုင်လ(၁၇)ရက်နေ့ကကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားအာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (CommunityCentre) အခန်းမတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးတွင်ကျင်းပရာ ဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မောဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်‌ကျင်းပ
Jul 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အားကစာနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့် မုံရွာမြို့ပေါ်မှ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟော‌ပြောပွဲအား ဇူလိုင်လ(၁၆)ရက်နေ့နံနက်က လေဗွေချောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်အတွင်းရှိ စားသုံးဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များအား စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ် (Software)အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ Capital Connect Ltd နှင့် ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် EOS စနစ် အသုံးပြုရာတွင် လိုအပ်သော စနစ်ထည့်သွင်းခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းစဥ်များကို စားသုံးဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စား လှယ်များအား စားသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် (Software)အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲ၌ ရွှေ(၁၀)ခု၊ ငွေ(၁)ခု၊ ကြေး(၄)ခု မြန်မာလှေလှော်အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို
Jul 17,2025
စင်ကာပူနိုင်ငံ၌ ဇူလိုင်လ(၁၂)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကျင်းပခဲ့သော စင်ကာပူ တာတိုဖလား ကနူး/ ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်ရဲဟိန်း ဦးဆောင်၍ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမား စုစုပေါင်း(၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ(၁၀)ခု၊ ငွေ(၁)ခု၊ ကြေး(၄)ခု ဆွတ်ခူးရရှိကာ ဇူလိုင် ၁၄ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။