သတင်းများ

လဟယ်မြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယ‌နေ့နံနက် (၁၀း၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၀၇ ဒသမ ၂၉ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jul 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက မူလွန်ကြေးနန်းဝင်း‌ကျောင်း၊ မွန်းလွဲပိုင်းတွင် မူလွန်အေးရိပ်ငြိမ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Jul 17,2025
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအ​​ကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ​ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ကြပြီး မိသားစုဝင်ငွေရရှိစေရေးအတွက် အိမ်တွင်းမှုသင်တန်းများကို အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ(၁၄)ရက်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်များ ပြပွဲကျင်းပ
Jul 17,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်သုတရသစာအုပ်များ ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ကရင်ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အဖွဲ့(၁၃)ဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များပေးအပ်ထား
Jul 17,2025
ကရင်ပြည်နယ်အတွင်း အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအပါအဝင် အဖွဲ့(၁၃)ဖွဲ့ကို ဖွဲ့စည်းပေးထားပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုလည်း ရေးဆွဲအတည် ပြုထားပြီးဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် မဲပေးစက်(MEVM)ဆိုင်ရာ ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။