လက်ပံတန်းမြို့ အလက(ထန်းပင်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတမျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အ.လ.က (ထန်းပင်ကုန်း)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။