သတင်းများ

ကျောက်ဖြူမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၅၈၇ ဒသမ ၅ တန်တင်ဆောင်လာသည့် ပတ္တမြား(၂)သင်္ဘော ရောက်ရှိ
Jul 17,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၁၆ ရက်က ကျောက်ဖြူမြို့၊ အမှတ်(၃) ဆိပ်ကမ်းတံတားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ ကျောက်ဖြူမြို့သို့ ပတ္တမြား(၂)သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
AI နည်းပညာကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် AI နည်းပညာကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ‌ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 17,2025
ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဝတ်မှုံအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အ.မ.က (၃) ကျောင်းရှိ ပျိုရွယ်သူကျန်းမာရေးနှင့် သန့်လေးသန့်အကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစသည့်ကျန်းမာရေး အသိပညာ‌ပေးဟောပြောခြင်း၊ မူလတန်းကလေးများအား စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့သင်  ကြားပေးခြင်း၊ မျက်စိအမြင်ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပေးခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမားရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပေးသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများ ပြုလုပ်
Jul 17,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ် ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် ဦးဆောင်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ မိုးစပါး ဧကငါးသောင်း‌ခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု ဇူလိုင်လ ၁၅ ရက်အထိ မိုးစပါး ၅၆၃၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ၇၃၅၁၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းလျက်ရှိသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်
Jul 17,2025
‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။