သတင်းများ

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများကျင်းပ
Jul 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  လူထုအခြေပြုဗဟိုဌာန၌  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်​နေ့ကို အောက်မေ့သောအားဖြင့် ယနေ့နံနက် ၉ အချိန်က အသိပညာ​ပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်
Jul 17,2025
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ် (၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၄) ခုတွင် နွေစပါး (၃၆၁၂)  ဧကရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိ
Jul 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၁၂) ခုရှိပြီး တိုက်နယ် (၄) ခုတွင် ဇူလိုင် (၁၅) ရက်နေ့ထိ နွေစပါး (၃၆၁၂) ဧက ရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
စဉ့်ကိုင်မြို့နယ် အ.မ.က (လက်ဝဲ) တွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 17,2025
ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်သား/ကျောင်းသူများက ကြွရောက်လာကြသော ဧည့်‌သည်တော်များအား ထာဝရမြန်မာ သီချင်းဖြင့်ကြိုဆိုခဲ့ကြသည်။ ထို့နောက် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်၊ ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါ်ဥမ္မာကြည်၊ စဉ့်ကိုင်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် တာဝန်ရှိသူများက ပေ(၆၀×၃၀) ပတ္တမြား ကျောင်းဆောင်သစ်နှင့် ပေ (၁၂၀×၃၀) ယာယီကျောင်းဆောင်သစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အမွေးနံသာရည်များ ပက်ဖြန်းခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ် (Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းအား ရှင်းလင်းဟောပြောပွဲပြုလုပ်
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ်(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းအား ရှင်းလင်းဟောပြောပွဲပြုလုပ်ခဲ့သည်။
မိုးညိုမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က(ခြံကြီးစု)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ပဒါန်း(အ.ထ.က)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကျင်းပ
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။