သတင်းများ

သံတောင်ကြီးဒေသထွက်  လက်ဖက်ခြောက်များဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိ
May 19,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုး ရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်လက် ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနွေရာသီအချိန်တွင် လက်ဖက်ခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်းဖွင့်လှစ်
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်ပစ္စည်းများဖြင့် ဖျာရက်နည်းသင်တန်းကို မေ ၁၉ ရက် နံနက်၉နာရီမှစတင်ကာ ဖွင့်လှစ်ပေးသည်။
သာယာဝတီ၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာအုပ်စု၊ တာပိုင်းကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာပြည်ကျော်ဆန်စက်၌ မြေငှားဂရန် ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သာယာ​ဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌  အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသ
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့(၁၂)ဖွဲ့နှင့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များပါ ဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေ ၁၉ ရက်နံနက် ၈ နာရီအချိန်မှစတင်၍ အခြခံပညာအထက်တန်းကျောင်း(ပုဂံ)ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များပြုလုပ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့၊ သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
May 19,2026
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့၊ သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို မေလ ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။
ဝမ်းတွင်းမြို့နယ်၌ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝမ်းတွင်း-သဲတောသွားလမ်းမ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ပြည်သူလူထုပါဝင်သော မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
May 19,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက နတ်မှော်ကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။