သတင်းများ

‎ပင်းတယမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ‎(U -12) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 16,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၂၀၂၅-၂၀၂၆ ပညာ‎သင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ( U -12 )၊ ‎ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအ‎နားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ‎အ-မ-က(၃)ငှက်ပျောတော အားကစားကွင်း‎တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော
Aug 16,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်က အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။
တံတားမြို့အတွင်းရှိ အ.လ.က(စင်မကော်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ‌ဆောင်ရွက်
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁ဝ)နာရီက တံတားမြို့အတွင်းရှိ အ.လ.က(စင်မကော်)ကျောင်း၌  ကျင်းပခဲ့သည်။
ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 16,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြေနီခင်တောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(ဘဲနန်း)၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်၌ အိမ်ထောင်စုလူဦးစာရင်း ကွင်းဆင်းဆောင်ရွက်
Aug 16,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းအစရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်များကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
တိုက်ကြီးမြို့နယ်တွင် သစ္စာပန်းစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေရရှိ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် သစ္စာပန်းများပေါ်ချိန် ခူးယူရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သစ္စာပန်းစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူ
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။