ပုသိမ်ကြီးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီး နန်းဦးလွင်ကျေးရွာအုပ်စု မြို့ပတ်လမ်းနှင့် အုန်းချော အ.ထ.က ရှေ့ သုံးနေရာ၌ ယနေ့နံနက် ၇ နာရီက စတင်ကာ ကျောင်းအပ်နှံရေးသီတင်းပတ် မေ၂၅ရက်မှ ၃၁ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အား အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။