သတင်းများ

ကြည့်မြင်တိုင်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြည့်မြင်တိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး Biometric မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စျေးကလေးရပ်ကွက်ပြည်သူများအား ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2026
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ခြင်းကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်းနှင့် ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
May 19,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်းနှင့် ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး
May 19,2026
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ထုတ်ဝေသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ မိဘပြည်သူများသိရှိစေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် လက်ကမ်းစာစောင်များကို မေ ၁၉ ရက် နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအနီး၌ ဖြန့်ဝေပေးသည်။
လွိုင်ကော်မြို့၌ FDA ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
May 19,2026
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် FDA ခွင့်ပြုချက်မရှိသောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ MLV နယ်လှည့်ဓာတ်ခွဲယာဉ်ဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားများပြားသော မြို့သစ် (၃) ရပ်ကွက် ၆၂လမ်း ၁၁၀လမ်းဆုံမီးပွိုင့်၊ တမ္ပဝတီရပ်ကွက် အမှတ် (၇) အခြေခံပညာအထက်ကျောင်းနှင့် မြို့ဟောင်းစျေးတို့တွင် ဆောင်ရွက်လျက်ရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးကျင်းပခြင်းနှင့် စတုတ္ထအကြိမ် ညီလာခံကိုယ်စား လှယ် ရွေးချယ်ခြင်းအခမ်းအနားပြုလုပ်
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကျင်းပခြင်းနှင့် စတုတ္ထအကြိမ် ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုး‌ရေးသုံး အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်
May 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များ၌ အရည်အသွေးနိမ့် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။