သတင်းများ

မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုခြင်း သင်တန်းဆက်လက်ဖွင့်လှစ်
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ဇူလိုင်လ ၂၈ ရက်နေ့နံနက်(၉:၃၀) အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အား တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအား ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာရေးနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ်များ မောင်းနှင်သွားလာမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Jul 28,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ဆူညံသံများကြောင့် နှောင့်ယှက်မှုမရှိစေရေးအတွက် ဇူလိုင် ၂၆ ရက် ည ၈ နာရီအချိန်ကစတင်ကာ ယမုံနာလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်း‌အရှေ့ဘက်တွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ဘာသာဂုဏ်ထူးရှင်ခုနစ်ဦး အပါအဝင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ၂၆၀ရှိပြီး အောင်မြင်သူ ၁၄၁၄ဦးရှိ
Jul 28,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/ကျောင်းသူများတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ခုနစ်ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူ ၂၆၀ ရှိကာ အောင်မြင်သူ စုစုပေါင်း ၁၄၁၄ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၇ ဒသမ ၁၁ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထွက်ရှိ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းမှ  ရိုးကန်-ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း  ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 28,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်းမှ ရိုးကန် - ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၅၉ ရာခိုင်းနှုန်းရှိ
Jul 28,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ချောင်းဆုံ(အထက)စာစစ်ဌာန၌ ဖြေဆိုပြီးစီးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား Online နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် ထုတ်ပြန်ခဲ့ရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ကျောင်းသား၊ ကျောင်းသူ (၅၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၈)ဦး ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၅၈.၅၉)ရာခိုင်းနှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တွံတေးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က နယ်လှည့်ကွင်းဆင်း (အခမဲ့) ဆေးကုသပေးခြင်း ဆောင်ရွက်
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး သန်လျင်မြို့မှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသရေးအစီအစဉ်ကို တွံတေးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်းရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၉.၂၂ ရာခိုင်နှုန်းရှိ
Jul 28,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။