သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက်(၁၀)နာရီအချိန် သိမ်ဖြူမီးရထားရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် အသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
Jul 27,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါ ရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ပြင်ဦးလွင်မြို့နယ်  အင်သာ‌ကျေးရွာသီလရှင်စာသင်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 27,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက်(၉)နာရီခွဲအချိန်က အောင်ချမ်းသာကျေးရွာအုပ်စု အင်သာကျေးရွာ သီလရှင်စာသင်တိုက်တွင် ကျင်းပရာ ရှေးဦးစွာ အင်သာ‌ကျေးရွာ သီလရှင် စာသင်တိုက်မှ  ဆရာလေး ဒေါ်ပညာထေရီက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိတွင် ဆေးတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ဆောင်ရွက်
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝေဘာဂီရပ်ကွက်၊ မေဓါဝီလမ်း ဆေးဝါးတက္ကသိုလ်ဝန်းအတွင်း ယမန်နေ့နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားလူငယ်များယှဉ်ပြိုင်သည့် Dawei eSports Tourmament 2025 အခမ်းအနားသို့တက်ရောက်
Jul 27,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားလူငယ်များယှဉ်ပြိုင်သည့် Dawei eSports Tourmament 2025 အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ညောင်ကျေးရွာအုပ်စု ၅၅၅ တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်
Jul 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့နံနက် (၈) နာရီ၌ ညောင်ကျေးရွာ အုပ်စုပိုင် ၅၅၅ မြေနုကျွန်းအတွင်းရှိ နေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Jul 27,2025
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်ကအဆိုပါတက္ကသိုလ်ရှိ​အားကစားရုံတွင် ကျင်းပခဲ့​ကြောင်းသိရသည်။