သတင်းများ

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ
Jul 28,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့  ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်အောင်မြို့နယ်မှ(၅)ဘာသာဂုဏ်ထူး ရရှိသူ (၁)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၅၅.၉၉) ရှိ
Jul 28,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၅၅.၉၉%) ရှိကြောင်းသိရှိရသည်။
သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိ
Jul 28,2025
သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိပြီး ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊‌‌ လေးဘာသာ ဂုဏ်ထူးခြောက်ဦး၊ သုံးဘာသာဂုဏ်ထူး ၅၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၆၀၊ တစ်ဘာသာဂုဏ်ထူး ၁၁၇ဦး ဖြေဆိုအောင်မြင်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနတွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ
Jul 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ၆ ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ၄ ဘာသာ ဂုဏ်ထူးရှင်၊ ၃ ဦး ၃ဘာသာ ဂုဏ်ထူးရှင် အပါအဝင်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၂ ဦး ဖြေဆိုအောင်မြင်
Jul 28,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန် စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာကျောင်းသားကျောင်းသူစုစုပေါင်း  ၁၉၂ ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာနှုန်း ၅၁.၀၆ ရာခိုင်နှုန်းရရှိ  
Jul 28,2025
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ၅၁.၀၆ ရာနှုန်းအောင်မြင်ခဲ့ပြီး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။