သတင်းများ

မိတ္ထီလာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာ ၅၂.၂၆ ရာခိုင်နှုန်းအောင်မြင်
Jul 28,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ ၂၇ ရက်နေ့နံနက်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ရာ ၅၂.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ  ကယ်ဆယ်ရေးစခန်းများသို့  ပြောင်းရွှေ့
Jul 28,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေလျှံတက်မှုများကြောင့် သံလွင်မြစ်ရေချိန်သည် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၈၉၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများမှာ မြစ်ရေများနေအိမ်တွင်းသို့ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၆ရက်နေ့မှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
မြဝတီ မြို့တွင်(၂၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံး၊ကဗျာပြိုင်ပွဲများကျင်းပ
Jul 28,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင်(၂၄) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ​တော်အထိမ်းအမှတ်အဖြစ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ ပြိုင်ပွဲများကို ယမန်နေ့နံနက်  ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း 
Jul 28,2025
ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏(၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘားအံမြို့၌ သံလွင်မြစ်ရေစိုးရိမ်ရေအမှတ်ထက်ကျော်လွန် ရေကြီးရေလျှံမှုများဖြစ်ပွား
Jul 28,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေပြီး ဘားအံမြို့ အနိမ့်ပိုင်းလူနေ ရပ်ကွက်များအတွင်း ရေများဝင်ရောက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရေဝင်ရောက်မှုအခြေအနေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပြောင်းရွှေ့နေရာချထားပေး မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade 12)အောင်စာရင်းများ ထွက်ရှိ
Jul 28,2025
ယနေ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်အောင်စာရင်းများထွက်ရှိရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကာ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံး၌ ကြေငြာထားလျက်ရှိကြောင်း သိရသည်။
 တနင်္သာရီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်လျက်ရှိရာ အောင်ချက်ရာခိုင်နှုန်း(၄၅.၉၈)ရာခိုင်နှုန်းရှိ
Jul 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က(တနင်္သာရီ)ကျောင်းနှင့် ပညာရေးမှူးရုံးတို့တွင်ကပ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအားတွေ့ဆုံ၍ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များပေးအပ်
Jul 28,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်မြို့/ ကျေးရွာများကိုစွန့်ခွာ၍ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးအပြင် စားသောက်မှုအဆင်ပြင်စေရေး စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနား မြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ အိမ်ထောင်စုများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။