သတင်းများ

လက်ပံတန်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ၄ ခုတွင် ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ ၇၄၉ ဦးတွင် ၂၄၉ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား တွေ့ဆုံအားပေး
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား  သွားရောက်တွေ့ဆုံအားပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က (ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၁၄၆ ဦးတွင် ၃၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူငယ့်အားမာန်သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က လူမှုဝန်ထမ်းရုံးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစတင်၍ စာစစ်ဌာန(၄)ခု၌ ဖြေဆိုခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်(၆)နာရီအချိန်တွင် အဆိုပါစာစစ်ဌာနများဖြစ်သည့် အထက (၂)၊ အထက (၄)၊ အထက (လေးမိုင်)၊ အထက (နတ်စင်ကုန်း)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယနှင့် အကောင်းဆုံးကစားသမားဆုများရရှိခဲ့သော အောင်ပွဲရ အသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ငွေကျပ်သိန်း ၃၀၀ ကျော် ဂုဏ်ပြုချီးမြှင့်
Jul 28,2025
၂၀၂၅ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားအကောင်းဆုံးဆုနှင့် အလယ်တန်းအကောင်းဆုံး ဆုများကိုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဂုဏ်ပြုညစာဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 28,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဇူလိုင် ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန်က အ.မ.က (၁၂) ကျောင်းတွင် တာ၀န်ရှိသူများပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။