သတင်းများ

ချောင်းသာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အ.ထ.က-ချောင်းသာစာစစ်ဌာန၌ ယမန်နေ့နံနက် (၄)နာရီကစတင်၍ ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။
မုံရွာမြို့တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်
Jul 29,2025
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီက  တစ်ပြည်လုံးတွင် တစ်ပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ရာ မုံရွာမြို့၊  မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်‌ကြေညာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၂.၂၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ဘိုကလေးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ယမန်နေ့ နံနက် (၄)နာရီကစတင်၍ ထုတ်ပြန်ကြေညာပေးထားပြီး ဘိုကလေးမြို့နယ်၏ အောင်ချက် ရာခိုင်နှုန်းမှာ (၄၃.၇၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၅၂ ဒဿမ ၂၅ ရာခိုင်နှုန်းခန့်ရှိ
Jul 29,2025
၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ဇူလိုင်(၂၇)ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ထား ပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်းသိရသည်။
ကန့်ဘလူ၌ စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများကို ရောင်းချပေး
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ၊ ဝန်ထမ်းများစျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ဇူလိုင် ၂၆ ရက်နံနက် ၈ နာရီက  ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၅၂.၄၇ ရာခိုင်နှုန်းဖြေဆိုအောင်မြင်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန်ခဲ့ရာ အောင်မြင်သူ စုစုပေါင်း (၁၂၀၂)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၅၂.၄၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအနက် ၅၀.၂၆ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ကိုယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ ငါးသိုင်းချောင်း မြို့အတွင်း၌ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅ဝ.၂၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူး ရရှိသူ (၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း(၄၆.၈၁%)ရှိ
Jul 29,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၄၆.၈၁%) ရှိကြောင်း သိရှိရသည်။