သံတောင်ကြီးမြို့ မြေပြိုဘေးသင့် ဒေသခံများအတွက် လိပ်သိုဒေသခံပြည်သူများ အလှူငွေပေးအပ်
Aug 18,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဩဂုတ်၅ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ်များနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် လိပ်သိုမြို့မှ မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့များနှင့် လိပ်သိုမြို့ဒေသခံများစုပေါင်း၍ ရှင်ဂျော့ဂျက်အသင်းတော်ခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီက အလှူငွေ ပေးအပ်လှူဒါန်းသည်။