သတင်းများ

မိုးနဲမြို့နယ်၌ အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပ
May 19,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပညာရေးအဖွဲ့ငယ်)က ကြီးမှူးကျင်းပသော အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ပြေရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်၌ အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲဖြေဆို
May 19,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် သိန်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာတွင် အကြိမ် (၄၀) မြောက် အစိုးရဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို စတင်ဖြေဆိုလျက်ရှိသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးဌာနမှဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ) အထွက်နှုန်းတိုးတက်ရေးစိုက်ပျိုးနည်းပညာနှင့် သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
May 19,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးဌာနမှကြီးမှူး၍ ဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊နေကြာ) အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းပညာနှင့် သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေး နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ( Community Center )ခန်းမ၌ အခမ်းနားမှူးသင်တန်းဖွင့်လှစ်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အခမ်းအနားများတွင်အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် သက်ဆိုင်ရာဌာနများတွင် ဖွင့်လှစ်သည့် အခမ်းအနားများတွင် ဆောင်ရွက်နိုင်စေရန်တို့အတွက်ရည်ရွယ်ပြီး အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
May 19,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၁ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်းသောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေး
May 19,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ အမှတ်(၁)ရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ‌သေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါရုံး၌ ဆောင်ရွက်သည်။
မကွေးမြို့နယ်၊ ကန်ပြား(အရှေ့)ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု(၅၅၅)စု အတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 19,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် သားစဉ်မြေးဆက် တရားဝင်မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများရရှိခံစားနိုင်စေရန်ရည်ရွယ်၍ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မကွေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နံနက်ပိုင်းက မကွေးမြို့နယ်၊ ကန်ပြား(အရှေ့)ကျေးရွာသို့ ကွင်းဆင်းကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးတွင်သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးတွင်သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။