ထန်းတပင်မြို့နယ်၌ မိုးစပါး ဧက ၄၆၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ သြဂုတ်လ (၁၆) ရက်နေ့အထိ မိုးစပါးလျာထားစိုက်ဧက ရှစ်သောင်းလေးထောင်ကျော်ရှိသည့်အနက် ဧကပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။