သတင်းများ

ပဲခူးမြို့၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 11,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး ဩဂုတ်လ (၁၁)ရက်နေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
လင်းခေးမြို့နယ် ဝမ်ဟတ်အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ယနေ့နံနက် ၈ နာရီခွဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို လင်းခေးမြို့နယ် ဝမ်ဟတ်အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် အ.မ.က( ၁)မူလတန်း(လွန်)ကျောင်း၌  (အခမဲ့)ဆေးကုသပေးခြင်းဆောင်ရွက်
Aug 11,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ဝါဝါလင်း ဦးဆောင်၍ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်အတွက် တိုင်ရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(၁)မူလတန်း (လွန်)ကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရအသိပညာပေးဟောပြောပွဲကိ ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည်။
မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးလျာထားချက်ဧက(၇၆၁၄၁)စိုက်ပျိုးပြီးစီး
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားချက်ဧက(၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မှီစွာစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Aug 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ဩဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 11,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်ခြင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။