မိုင်းယန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

မိုင်းယန်း ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရအသိပညာပေးဟောပြောပွဲကိ ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဟောပြောပွဲများ ပြုလုပ်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မိုင်းယန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမင်းလတ်က ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ နောက်ဆက်တွဲဖြစ်စေနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ လူကုန်ကူးမှုဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးသည်ဟု သံသယရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများကိုလည်းကောင်း၊  မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက အွန်လိုင်း လိင်လည်မှုဆိုင်ရာ အကြောင်းအရာများဖြင့် အသိပညာပေးရှင်းလင်းဟောပြောရာ မသိနားမလည်သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကိုပြသခဲ့ပြီး အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး