ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ဩဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဝက်တိုးကျေးရွာ၌တည်ဆောက်မည့် ဘက်စုံသုံးခန်းမအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေမှ ငွေကျပ်သိန်း(၁၅၀)ဖြင့် အလျား(၄၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၁၂)ပေရှိသည့်ဘက်စုံသုံးခန်းအားတည်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ခိုင်ရွှေဝါ၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်းများကအနီးကပ်ကြီးကြပ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဘက်စုံသုံးခန်းမတည်ဆောက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)