မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးလျာထားချက်ဧက(၇၆၁၄၁)စိုက်ပျိုးပြီးစီး

မင်းလှ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားချက်ဧက(၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မှီစွာစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးစပါးကို ဇွန်လဆန်းပိုင်းမှစတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနကကောက်စိုက်စက်ဖြင့်လည်း‌ကောင်းကူညီစိုက်ပျိုးပေးခဲ့ရာ ဇူလိုင်လကုန်တွင် ကွင်းပိတ်ပြီးစီးခဲ့ကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက်မျိုးစ့ချကရိယာဖြင့်(၄၂၄၁၁)ဧက၊ ကောက်စိုက်စက်ဖြင့်(၁၂၂၃)ဧက၊ ဘောင်ပျိုး(၂၈၅)ဧက၊ ရိုးရိုးပျိုး (၃၂၂၂၂)ဧက၊ စုစုပေါင်း(၇၆၁၄၁)ဧကအား စိုက်စနစ်များအလိုက်စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ထိုင်းနှံကောက်၊ ဗီယက်နန်၊ အောင်နိုင်တိုး၊ ရေမြှပ်ခံ-၁၊ ရေအနည်းလို-၇ စပါးမျိုးတို့ဖြစ်ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)