လင်းခေး သြဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ယနေ့နံနက် ၈ နာရီခွဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို လင်းခေးမြို့နယ် ဝမ်ဟတ်အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် လင်းခေးမြို့နယ်၊ ဝမ်ဟတ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်ခင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအား မော်တော်ဆိုင်ကယ်မောင်းနှင်လျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း၊ မေးသိုင်းကြိုးတပ်ဆင်ခြင်း၊ မော်တော်ဆိုင်ကယ်နောက်ကြည့်မှန်များ တပ်ဆင်ခြင်းဖြင့် မောင်းနှင်စီးနင်းကြရန်၊ လမ်းစည်းကမ်းများ လိုက်နာမောင်းနှင်ကြရန်၊ ယာဥ်မတော်တဆမှုများဖြစ်ပေါ်သည့်အခါ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)