မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။