သတင်းများ

လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပ
Aug 22,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊  ကံသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား Unique Identification(UID) ကတ်များဆောင်ရွက်ပေး
Aug 22,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ သြဂုတ် ၂၁ ရက်နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID card များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့၌ နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Aug 22,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပခဲ့သည်။
သန်လျင်မြို့နယ် ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Aug 22,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျေးလက်နေပြည်သူများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့သစ်ရပ်ကွက်နှင့်သပြေကန်ကျေးရွာတို့ရှိ ကျန်းမာရေးဆေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 22,2025
စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံ အဓိကစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်၌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ သရုပ်ပြဆောင်ရွက်
Aug 22,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှု သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Aug 22,2025
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (Video Conferencing) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိ(၆၄)ဦး တက်ရောက်ခဲ့သည်။