လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပ

လယ်ဝေး ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊  ကံသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ စာရေးဆရာ မောင်စိမ်းနောင်(လယ်ဝေး)က “ဘဝမြင့်ဖို့ စာဖတ်ကြစို့”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းကြောင့် တိုးတက်မြင့်မားသည့်ဘဝကို ရရှိလာကြသူများအကြောင်းကို  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)