ကဝ ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဆွေဇင်ဝင်းက လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများအကြောင်းကိုလည်းကောင်း၊ သွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာဇော်ရဲထက်က သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခြင်းတို့ကိုဆောင်ရွက်သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဆွေဇင်ဝင်း၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာဇော်ရဲထက်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက အဟာရကျွေးမွေးခြင်းနှင့်အဟာရပြခန်းတို့အားကြည့်ရှု့အားပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခဲ့ကြကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)