လယ်ဝေး ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးပြသထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဇော်ဝင်းထွန်းက နွားမွေးမြူရေးကဏ္ဍ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ ကျော်ဖြိုးဆန်းက နွားမျိုးမြှင့်တင်ခြင်း၊ ဒေါက်တာချစ်စံဝင်းက မွေးမြူရေးနှင့် အစာအာဟာရ၊ ဒေါက်တာအောင်ကိုကိုမင်းက မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများကို အသီးသီး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခဲ့ပြီး ညွှန်ကြားရေးမှူးက ဆွေးနွေးချက်များအား ပြန်လည်သုံးသပ်အကြံပြုခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)