သာယာဝတီမြို့တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား Unique Identification(UID) ကတ်များဆောင်ရွက်ပေး

သာယာဝတီ သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ သြဂုတ် ၂၁ ရက်နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID card များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ UID card များကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူးနှင့် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာတို့ကပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများက UID card များကို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွါးရေးဘဏ်၌ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)