ပုဗ္ဗသီရိ ဩဂုတ် ၂၂
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၂ ရှိ တောင်သူ ဒေါ်ယုယုလွင်၏ စိုက်ဧကတွင် အတန်းလိုက်စနစ်ဖြင့် ကောက်စိုက်သမားများမှ ပေါ်ဆန်းမွေးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ ၊ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိအောင် စနစ်တကျစီမံဆောင်ရွက်ပေးရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများမှ တောင်သူများကို နည်းပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)