သတင်းများ

ချမ်းမြသာစည်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 27,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက အမှတ် (၂၈) အခြေခံပညာအထက်တန်း‌ကျောင်း စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
Aug 27,2025
လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Aug 27,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အားသစ်မာန်ကုမ္ပဏီမှ တည်ထောင်ထားသည့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ
Aug 27,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် ရေးရာ အသိပညာပေးစာပေဟောပြောပွဲကို ယနေ့‌နံနက်၉နာရီခွဲက လွန်ကောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီမြင့်က  အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
မောက်မယ်မြို့နယ်၌ MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများ ဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 27,2025
မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။