ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၉)ဉီးထပ်မံဝင်ရောက်

ချင်းရွှေဟော်   စက်တင်ဘာ  ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၄)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန် က(၁၅)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၉)ဉီး ထပ်မံဝင်ရောက် လာခဲ့ ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၉)ဉီးတို့မှာ အမျိုးသား(၁၆)ဉီး၊ အမျိုးသမီး(၃)ဉီး   တို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှ (၃)ဉီး၊  စစ်ကိုင်းတိုင်းဒေသကြီးမှ(၁)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ(၃)ဉီး၊ မကွေးတိုင်း ဒေသကြီးမှ  (၂)ဉီး၊  ကချင်ပြည်နယ်မှ(၃)ဉီး၊ ချင်းပြည်နယ် မှ(၁)ဉီး၊ နေပြည်တော်မှ(၂)ဉီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ(၄)ဉီး တို့ဖြစ် သည်။

ထိုသို့   ချင်းရွှေဟော် နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၂၃၁)ဉီးနှင့် အမျိုးသမီး(၆၆၁၈)ဉီးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၄၈၄၉)ဉီးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)