သတင်းများ

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှဉက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို သီပေါမြို့နယ်အတွင်းရှိ ဝက်ဝံယာယီပျံကျဈေး၊ မြို့မဈေး၊ ရပ်ကွက်များနှင့် စားသောက်ဆိုင်များသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီကိုယ်စား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလတွင် ပါဝင်ကူညီခဲ့သော မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များအား တိုင်းကြက်ခြေနီ ကြီးကြပ်မှု ကော်မတီကိုယ်စား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့သည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း ညစဉ်လှည့်လည်ကြေညာပေးလျက်ရှိ
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန် အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက် များတွင် ညစဉ်လှည့်လည် ကြေညာပေး ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးလျက် ရှိသည်။
လသာမြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Aug 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ စစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရှောင်တခင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အင်ဂျန်းယန်မြို့၌ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ စိစစ်ဆောင်ရွက်
Aug 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၏ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် တောင်းဆိုမှု၊ ပုံစံ(၄)ဖြင့်ကန့်ကွက်မှု၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းမှုများကို မြို့နယ်မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နောင်ချိုမြို့၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်
Aug 27,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက် များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC) တိုးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေး ရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရန် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွား စေရန် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီ က အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။
ပခုက္ကူတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိ
Aug 27,2020
ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် ယမန်နေ့ နေ့လယ် (၁) နာရီခွဲတွင် စိုးရိမ်‌ရေအမှတ်‌ ရောက်ရှိခဲ့ပြီး ယနေ့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလျက်ကြောင်း သိရသည်။