ပခုက္ကူ ဩဂုတ် ၂၇
ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် ယမန်နေ့ နေ့လယ် (၁) နာရီခွဲတွင် စိုးရိမ်ရေအမှတ်ရောက်ရှိခဲ့ပြီး ယနေ့ တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလျက်ကြောင်း သိရသည်။
ယနေ့နံနက် ၆ နာခွဲအချိန် တိုင်းထွာချက်အရ ၂၁၅၄ စင်တီမီတာ ၇၀ ဒသမ ၆ ပေ သို့ ကျော်လွန် ရောက်ရှိခဲ့ကြောင်း သိရသည်။ ပခုက္ကူနမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၁၅၀ စင်တီမီတာ ၇၀ဒသမ ၅ ပေဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဓေဒဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ သိရသည်။
မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာများမှ လူ၊ တိရစ္ဆာန်များ ဘေးလွတ်ရာ ကုန်းမြင့်များသို့ ရွှေ့ပြောင်းနေထိုင်ရပြီး ညောင်ပင်အုပ်စု ဥယျာဉ်ရွာအနီးတွင်ယာယီ မြစ်ရေဘေးရှောင် စခန်းကို ဘေးအန္တရာယ် စီမံဆိုင်ရာ ခန့်ခွဲမှုဦးစီးဌာနက ဖွင့်လှစ်ထားကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)