ဂန့်ဂေါ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွား စေရန် နှာခေါင်း စည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီ က အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။
ယာယီပျံကျဈေး၌ ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးလာဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက် များကို စနစ်တကျ လိုက်နာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း၊ ဈေးရောင်း/ဈေးဝယ်များ Mask တပ်ဆင်ခြင်းမရှိဘဲ ပျံကျဈေးသို့လာလျှင် ပြစ်မှုပြစ်ဒဏ်များဆောင်ရွက်သဖြင့် ပြစ်မှုပြစ်ဒဏ်အကြောင်း ရှင်းလင်း ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ စုပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)